ဘာကိုအရင်မြင်သလဲ (သင်ပထမဆုံးမြင်တဲ့ အရာက သင့်အကြောင် းပြောပြလိမ့်မယ်)

မိမိကိုယ်ကို မသိခြင်းက သင်ထင်ထားတာထက်ပိုပြီး ရှုပ်ထွေးပါတယ်။ သူများအကြောင်းတွေကို စပ်စုနေတာထက် ကိုယ့်အကြောင်းကိုယ် ပြန်ပြီး လေ့လာသင့်ပါတယ်။ လူတွေရဲ့ အတွင်းထဲမှာ သူတို့ကိုယ်တိုင်တောင် မသိဘဲ ပုန်းကွယ်နေတဲ့ ပင်ကို စရိုက်လေးတွေ အများကြီးရှိပါတယ် …။

ဒီနေ့ ချစ်ပရိတ်သတ်ကြီးအတွက် လူတွေအကြောင်း အနည်းငယ် ပြောပြပေးချင်ပါတယ်။ အချက်အားလုံးက မှန်တယ်လို့ ပြောလို့မရပါဘူး။ အားလုံးကို ခြုံပြီး သုံးသပ်ထားခြင်းသာ ဖြစ်ပါတယ် …။

သင် ဘာကိုအရင်ဆုံးမြင်သလဲ?

သော့ပေါက် – သင်ဟာ သင်မသိသေးတဲ့ အရာတွေအကြောင်း သင်ယူရတာကို ကြိုက်နှစ်သက်သူဖြစ်ပါတယ်။ ပြီးတော့ comfort zone ထဲမှာလည်းနေချင်တဲ့သူမဟုတ်ဘူး။ သင်ဟာ တစ်စုံတစ်ယောက်ကို စိတ်ဝင်စားကောင်းစိတ်ဝင်စားနေပါလိမ့်မယ်။ သူနဲ့ စကားသွားပြောလိုက်ပါ …။

ငိုနေတဲ့ပုံ – သင့်ရဲ့ ခံစားချက်နဲ့လိုအင်ဆန္ဒတွေကို ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အပန်းဖြေအနာယူဖို့နဲ့ စိတ်က ိုရှင်းရှင်းလင်းလင်းဖြစ်စေဖို့အတွက် အချိန်ပေးဖို့ လိုအပ်ပါတယ် …။

 

မျက်နှာ – သင်ဟာ လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းသူတစ်ယောက် ဖြစ်ပါတယ်။ အခြားလူတွေရဲ့ ဘဝကို စပ်စုတက်တဲ့သူလည်းဖြစ်ပြန်တယ်။ အရာအားလုံးက သင့်အတွက် စိတ်ဝင်စားစရာတွေချည်းပါပဲ။ သင်ဟာ တစ်စုံတစ်ခုကို အသေးစိတ်လေ့လာဖို့ထက် ယေဘုယျအားဖြင့်သာ ကြည့်တက်တဲ့ လူမျိုးဖြစ်ပါတယ်။

ငါး – သင်ဟာ သင်လက်ရှိနေထိုင်နေရတဲ့ ဘဝကိုကျေနပ် ပျော်ရွှင်နေတဲ့သူပါ။ ကံကိုယုံပြီး အနာဂတ်ပျော်ရွှင်မှုကို မျှော်မှန်းထားသူပါ။ သင့်အတွက် အသေးစိတ် အချက်အလက်တွေက အရမ်းအရေးကြီးပါတယ် …။

ပွင့်နေတဲ့ တံခါး – သင်ဟာပြောင်းလဲဖို့ အသင့်ဖြစ်နေတဲ့သူပါ။ မှန်ကန်တဲ့ လမ်းကိုလည်း အမြဲရွေးချယ်တက်သူလည်းဖြစ်ပါတယ်။ သင်ဟာ အနာဂတ်ဖြစ်လာမယ့်အရာတွေကို စိတ်လှုပ်ရှားစွာနဲ့ ရင်ဆိုင်တက်သူပါ။ သင်ဟာ အခြားလူတွေအတွက် အားကျစရာ လူတစ်ယောက်ဖြစ်ပါတယ် …။

ဂီတသံစဉ် – သင်ဟာ ကမ႓ာကြီးအတွက် အရေးပါသူတစ်ယောက်ဖြစ် မိမိကိုယ်မိမိ မှတ်ယူထားသူပါ။ နောက်ကိုလှည့်မကြည့်ပါနဲ့။ ကိုယ်လုပ်ရမယ့် အရာကို ရဲရဲကြီးသာ လုပ်လိုက်ပါ …။

ပန်းသီး – သင်ဟာ ပေါင်းသင်းဆက်ဆံရေးနဲ့ အတွေးအမြင်သဘောထား ကိစ္စတွေနဲ့ပတ်သက်ရင် မှန်မှန်ကန်ကန် ဆုံးဖြတ်တတ်သူ ဖြစ်ပါတယ် …။

ထိုင်နေတဲ့လူ – ဘဝမှာ အရာအရာတိုင်း ဟန်ချက်ညီနေဖို့က သင့်အတွက် အရေးကြီးပါတယ်နော် …။ ။

Source: Bright Side

Be the first to comment

Leave a Reply

Your email address will not be published.


*