MRTV-4မင္းသမီးေခ်ာ ေမမီကိုကိုက ကိုဗစ္ကာလမွာ ေ႐ြးခ်ယ္ျဖစ္ ခဲ့တဲ့ သူမ ရဲ႕ ခ်စ္သူအေၾကာင္း ေျပာျပလာ

ေမမီကိုကိုက သူမအေန နဲ႔ ခ်စ္သူရွိတာကို ဖုံးကြယ္ထားတာမ်ိဳးမလုပ္ခ်င္ေၾကာင္းနဲ႔ အားလုံးအတိအက် ျဖစ္သြားခ်ိန္မွသာပရိသတ္ကို ခ် ျပသြားမယ္လို႔လည္း ေျပာသြားခဲ့တာပါ။ကိုဗစ္ကာလအႏုပညာလႈပ္ရွားမႈေတြ ရပ္နားထားခ်ိန္မွာ သူမနဲ႔ စိတ္တူကိုယ္တူ ခ်စ္သူ တစ္ဦးကို ေသခ်ာေတြးၿပီး ေ႐ြးခ်ယ္ ခဲ့တယ္လို႔ ေမမီကိုကို ကေျပာျပလာခဲ့ကာ သူမခ်စ္သူက အႏုပညာ ေလာကထဲကမဟုတ္ေပ မယ့္ အႏုပညာအ လုပ္အေပၚမွာေတာ့ အစဥ္အၿမဲ အားေပးေနတယ္လို႔ ဆိုပါတယ္။

 

ပရိသတ္ေတြ စိတ္ဝင္စားေနၾကတဲ့ မင္းသမီးေခ်ာေလး ေမမီကိုကိုရဲ႕ အခ်စ္ေရးအေၾကာင္းပဲ ျဖစ္ပါတယ္ေနာ္။ အားလုံးစိတ္ဝင္စား ေနတဲ့ သသတင္းေလးျဖစ္လို႔ တင္ဆက္ေပး လိုက္ရပါတယ္ေနာ္။ ယခု သတင္းသည္ Shwe Yaung Myanmar မွ ေရးသား ထားေသာ သတင္း ျဖစ္သည္။ေမမီကိုကိုကေတာ့ နာမည္ေက်ာ္ၾကားလွတဲ့ ႐ုပ္သံ ဇာတ္လမ္းတြဲေတြနဲ႔ အတူ ပရိသတ္ရင္ထဲကို ေရာက္ရွိလာတဲ့ မင္းသမီးေလး တစ္ဦးျဖစ္ၿပီးဂ်ီေဟာသူ ႐ုပ္သံဇာတ္လမ္းတြဲမွာလည္း ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းကို ရရွိထားသူတစ္ဦးျဖစ္ပါတယ္။

လက္ရွိ ကိုဗစ္ ၁၉ ကာလမွာေတာ့သူမဟာ အႏုပညာ လုပ္ငန္းေတြကို ေခတၱရပ္နားထားခဲ့တာ ျဖစ္ပါတယ္။ ဒီရက္ပိုင္းမီဒီယာ ေတြ႕ဆုံမႈ တစ္ခုမွာေတာ့ ေမမီကိုကိုက လက္ ရွိသူမရဲ႕ အခ်စ္ေရးနဲ႔ သူမခ်စ္သူအေၾကာင္းေျပာျပလာခဲ့တာပါ။”တြဲတာအသင့္အတင့္ေတာ့ရွိၿပီေပါ့။ ခုခ်ိန္ခ်မျပေသးဘူးဆိုတာက ကံတရားကေျပာလို႔မရဘူး။ ဒါကိုခ်ျပၿပီးမွ မဟုတ္ျပန္ဘူးဆိုရင္ ရည္စားရႈပ္တယ္လို႔ထင္သြားမွာစိုးတယ္။ အေရွ႕မွာေတာ့ေမမီက တစ္ေယာက္ပဲထားဖူးတာ။ ဒါကဒုတိယေျမာက္ပါ။

ဒါကေတာ့ေသခ်ာၿပီ။ အေျပာင္းအလဲေတာ့မမ်ားခ်င္ဘူး။ဒါနဲ႔ဖူးစာမပါရင္ေတာ့ အခ်စ္ေရးက ထပ္ၿပီးစဥ္းစားျဖစ္မွာ မဟုတ္ဘူး။ က်ိန္းေသ သေလာက္ရွိတယ္” လို႔ ေမမီကိုကိုက သူမရဲ႕ ခ်စ္သူနဲ႔ပတ္သတ္ၿပီး ေျပာျပလာခဲ့တာျဖစ္ပါတယ္။

REF: LET PAN

UNICODE

မေမီကိုကိုက သူမအနေ နဲ့ ချစ်သူရှိတာကို ဖုံးကွယ်ထားတာမျိုးမလုပ်ချင်ကြောင်းနဲ့ အားလုံးအတိအကျ ဖြစ်သွားချိန်မှသာပရိသတ်ကို ချ ပြသွားမယ်လို့လည်း ပြောသွားခဲ့တာပါ။ကိုဗစ်ကာလအနုပညာလှုပ်ရှားမှုတွေ ရပ်နားထားချိန်မှာ သူမနဲ့ စိတ်တူကိုယ်တူ ချစ်သူ တစ်ဦးကို သေချာတွေးပြီး ရွေးချယ် ခဲ့တယ်လို့ မေမီကိုကို ကပြောပြလာခဲ့ကာ သူမချစ်သူက အနုပညာ လောကထဲကမဟုတ်ပေ မယ့် အနုပညာအ လုပ်အပေါ်မှာတော့ အစဉ်အမြဲ အားပေးနေတယ်လို့ ဆိုပါတယ်။

ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ မင်းသမီးချောလေး မေမီကိုကိုရဲ့ အချစ်ရေးအကြောင်းပဲ ဖြစ်ပါတယ်နော်။ အားလုံးစိတ်ဝင်စား နေတဲ့ သသတင်းလေးဖြစ်လို့ တင်ဆက်ပေး လိုက်ရပါတယ်နော်။ ယခု သတင်းသည် Shwe Yaung Myanmar မှ ရေးသား ထားသော သတင်း ဖြစ်သည်။မေမီကိုကိုကတော့ နာမည်ကျော်ကြားလှတဲ့ ရုပ်သံ ဇာတ်လမ်းတွဲတွေနဲ့ အတူ ပရိသတ်ရင်ထဲကို ရောက်ရှိလာတဲ့ မင်းသမီးလေး တစ်ဦးဖြစ်ပြီးဂျီဟောသူ ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိထားသူတစ်ဦးဖြစ်ပါတယ်။

လက်ရှိ ကိုဗစ် ၁၉ ကာလမှာတော့သူမဟာ အနုပညာ လုပ်ငန်းတွေကို ခေတ္တရပ်နားထားခဲ့တာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမီဒီယာ တွေ့ဆုံမှု တစ်ခုမှာတော့ မေမီကိုကိုက လက် ရှိသူမရဲ့ အချစ်ရေးနဲ့ သူမချစ်သူအကြောင်းပြောပြလာခဲ့တာပါ။”တွဲတာအသင့်အတင့်တော့ရှိပြီပေါ့။ ခုချိန်ချမပြသေးဘူးဆိုတာက ကံတရားကပြောလို့မရဘူး။ ဒါကိုချပြပြီးမှ မဟုတ်ပြန်ဘူးဆိုရင် ရည်စားရှုပ်တယ်လို့ထင်သွားမှာစိုးတယ်။ အရှေ့မှာတော့မေမီက တစ်ယောက်ပဲထားဖူးတာ။ ဒါကဒုတိယမြောက်ပါ။

ဒါကတော့သေချာပြီ။ အပြောင်းအလဲတော့မများချင်ဘူး။ဒါနဲ့ဖူးစာမပါရင်တော့ အချစ်ရေးက ထပ်ပြီးစဉ်းစားဖြစ်မှာ မဟုတ်ဘူး။ ကျိန်းသေ သလောက်ရှိတယ်” လို့ မေမီကိုကိုက သူမရဲ့ ချစ်သူနဲ့ပတ်သတ်ပြီး ပြောပြလာခဲ့တာဖြစ်ပါတယ်။

REF: LET PAN

Be the first to comment

Leave a Reply

Your email address will not be published.


*