Sai Sai ကို မကြည့်ချင်ဘူး Sai Sai Show မှာ လာသမျှ မိန်းကလေးတွေကိုပဲ ကြည့်ချင်တယ်ဆိုတဲ့ ယောကျာ်းလေးပရိသတ်ရဲ့စကားကို အရွှန်းဖောက် ထောက်ခံလာတဲ့ ပြည်သူချစ် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်




 

ထိုပို့စ်အောက်မှာ



ခရက်ဒစ်

Unicode Version

နှစ်ပေါင်း (၂၀) ကျော်ကြာ ဂီတလောကမှာရော၊ သရုပ်ဆောင်လောကမှာပါ နေရာယူထားတဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ ဒီနေ့ဒီအချိန်ထိလည်း ပရိသတ်တွေအပေါ် လွှမ်းမိုးမှုရှိနေဆဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က လက်ရှိမှာ အသက် (၄၁) နှစ်အရွယ်ကို ရောက်ရှိနေပြီဆိုပေမယ့် လူငယ်လေးတစ်ယောက်လိုပဲ အနုပညာအလုပ်တွေကို

တက်တက်ကြွကြွ လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ လက်ရှိ ကိုဗစ်ကာလမှာတော့ စိုင်းစိုင်းခမ်းလှိုင်က အနုပညာလှုပ်ရှားမှုတွေ နည်းပါးသွားပေမယ့် သူ့ရဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် အလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ရှိုးပွဲတွေကို လွမ်းနေကြတဲ့ ပရိသတ်တွေအတွက် “SAISAI SHOW တွေ ကြည့်ချင်ပြီဆို လက်ညှိုးထောင်ပါ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ပို့စ်တစ်ခုတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ထိုပို့စ်အောက်မှာ

စိုင်းစိုင်းရဲ့ ယောကျာ်လေးပရိသတ်တစ်ယောက်က “Sai Sai ကို မကြည့်ချင်ဘူး။ Sai Sai Show ပွဲလာတဲ့ ကောင်မလေးတွေကြည့်ချင်တာ😁” ဆိုပြီး ပြောခဲ့တဲ့စကားအပေါ် စိုင်းစိုင်းက “ငါရောပဲ” ဆိုပြီး Reply ပြန်ခဲ့တာကြောင့် မိန်းကလေးပရိသတ်တွေကြားမှာ ပွဲကျသွားခဲ့ရတာပဲ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ မထင်ရင် မထင်သလို ရုပ်တည်ကြီးနဲ့ စနောက်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုင်းစိုင်းရဲ့ အဖြေလေးကိုကြည့်ပြီး သဘောကျ ရင်ခုန်နေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။