ပင္္စိမ္းေမႊးရွိလွ်င္ ဒီလိုျဖစ္တာေတြမွာ သံုးၾကည္႔႔ပါ

ပင္္စိမ္းေမႊးရွိလွ်င္ ဒီလိုျဖစ္တာေတြမွာ သံုးၾကည္႔႔ပါ

ပင္စိိမ္းေမႊး

̏ေမ်ာက္္ရေသးလား

̏ မရေသးဘူးအကို၊ဘာလုပ္ဖို႔လဲ

̏ပန္္းေသ၊ ပန္္းညႇိုးသမားအတြက္ ဓာတ္စာေလကြာ..၊ ေဆးဆရာႀကီးကပ င္စိမ္းေမႊးနဲ႔ေမ်ာက္သားကိုေကာင္း ေကာင္း (၄)ရက္ ေလာက္အ၀သာေၾကာ္စား၊ ခ်က္စားလို႔ အေသအခ်ာမွာထားလို႔ကြ

စိတ္၀င္စားဖြယ္ ေမ်ာက္သားႏွင္ ပင္စိမ္းရြက္ ေၾကာ္ခ်က္စားပါက အဆုတ္၊ပန္းေသ၊ ပန္နာ ေခ်ာင္ဆိုး၊မ်က္စိေရာဂါတို႔ ေပ်ာက္ကင္းသည္ဆိုပါသည္။

တဖန္ ျမန္မာ့ေဆးၿမီတိုမ်ား စာအုပ္တြင္ ေလငန္း၊ေလျဖတ္ေပ်ာက္ေသာေဆး အလကၤာေလးမွာ ̏ပင္စိမ္းေမႊး ငါးပဥၥာ ေရေႏြးႏွင့္ေဖ်ာ္လို႔ဗ်ာ။အေငြ႕ကိုသာရွူလို႔ေပး ေလငန္းေလျဖတ္ေ ပ်ာက္တယ္ေလး ̋ ဟုျဖစ္သည္။

ပင္စိမ္းေမႊး ပဥၥ(၅)ပါးကို ေရေႏြးႏွင့္ေဖ်ာၿပီး အေငြ႕ကို ရွူေပးပါက ေလငန္း၊ေလျဖတ္ႏွင့္ အဆစ္ အျမစ္ေရာင္ေရာဂါကိုပါ သက္သာေပ်ာက္ကင္း ေစပါသည္။

ေခ်ာင္းဆိုးေပ်ာက္ေသ ာေဆးလကၤာ

̏ပင္စိမ္းေမႊးႀကိတ္လို႔ရယ္၊ အရည္ရေအာင္ညစ္ရမယ္ ၊ၿပီးရင္ကြယ္ေသာက္လို႔ေပး ေခ်ာင္းဆိုးေရာဂါေပ်ာက္ သည္ေလး ̋ ဟုျဖစ္ သည္။ ေခ်ာင္းဆိုးအျပင္အေရျပားေရာဂါ၊ မစားခ်င္မေသာက္ခ်င္ျဖစ္ျခင္းႏွင့္ အစာအိမ္ ေရာဂါ၊ ဗိုက္နာေသာေဝ ဒနာတို႔ပ ါေပ်ာက္ကင္းသည္ဟုဆိုပါသည္။

ေခါင္းကိုက္ေပ်ာက္ေဆး

̏ပင္စိမ္းေမႊးရည္ညႇစ္ကာ နားထင္၊နဖူး ၊သင့္မၽွက္ႏွာလိမ္းလို႔သာ ေပးပါက ေခါင္းကိုက္ေပ်ာက္ေပဗ်

ကေလးေက်ာပူ၊ေခါင္းပူူေပ်ာက္ေဆး

ပင္စိမ္းေမႊး၊ ကြမ္းရြက္၊ က်ပ္ခိုးအနည္းငယ္ ၊နႏြင္းမွုန္႔ အနည္းငယ္တို႔ကို ေရာႀကိတ္ၿပီး ကေလးကို လိမ္းေပး က ကေလးေက်ာပူေခါင္းပူ သက္သ ာေပ်ာက္ကင္းေစသည္။

ႏွမ္းေစ့၊ ပင္စိိမ္းေမႊးေစ့၊ ထန္းလ်က္တို႔ကို ဆတူႀကိတ္ၿပီး ပ်ားရည္ႏွင့္ေတေစကာ နံနက္တစ္လုံး၊ ညတစ္လုံး ကြမ္းသီးလုံးခန္႔စားပါက အူ၊အသည္း၊ ႏွလုံး၊ ေက်ာက္ ကပ္တို႔တြင္ျဖစ္ေသာေရာဂါ ၊ေလသလိပ္ ၊သြားနာ ၊သြားဖုံး နား၊  အတြင္းလိပ္ေခါင္ ၊ေပြး ၊ဝဲ ၊ႏွင္းခူႏွင့္ဆီးနည္းေရာဂါ တို႔ကိုေပ်ာက္ကင္းေစပါသည္။

ငါးက်ည္းေျခာက္ႏွင့္ပင္စိမ္းရြက္ေၾကာ္ ဓာတ္စာ

ထိုသို႔စားပါက အစာမွား ၊ေဆးမွားျခင္း၊ အမ်ိဳးသမီးမ်ား သက်ည္းကိုက္ျခင္ း၊သားအိမ္ေလ်ာျခင္း၊ နို႔ေခ်ာင္းပိတ္ျခင္း၊ ကိုယ္လက္ယားယံျခင္း၊ဆီးေအာင့္ျခင္ း၊မီးဖြားၿပီး အပုပ္ ဆန္ တက္ျခင္းစေသ ာေရာဂါတို႔ေပ်ာက္ ကင္း ေစပါသည္။

အသည္းေရာင္ေရာဂါ

အေဖ်ာ္ယမကာမ်ားတြင္ ပင္စိမ္းေမႊးထည့္စိမ္ ေသာက္ေပးပါက အသည္းေရာင္ေပ်ာက္ၿပီး အေမာေျပကာ ဆီးေကာင္းပါသည္။ ပင္စိမ္းပင္ ႐ုကၡေဗဒအမည္ (Ocimum canum Sims )ျဖစ္သည္။

အရွင္နာဂသိန္က်မ္းတြင္ ပင္စိမ္းႀကီး(နက္/ျဖဴ) ဟုေဖၚျပသည္။ လက္တင္ဘာသာျဖင့္ Ocimum Sanctum)ျဖစ္သည္။ အျမင့္ေပ ၁ေပမွ၂ေပထိျမင့္သည္။ အလြန္အနံ့့ျပင္းပါသည္။

အကိုင္အေဖ်ားမ်ားတြင္ ပြင့္ တံထိုး၍ပြင့္သည္။ အခက္အလက္ အရိုး ညႇို႔မွိုင္း သည္ ကို အနက္ ၊အခက္ရြက္စိမ္းသည္ကို အျဖဴဟု ဆို သည္။ အခ်ိဳ႕ေဒသမ်ားတြင္ ရဟံႀကီးနက္ ႏွင့္ ရဟံႀကီး ျဖဴေခၚ သည္။ ခါး၊စပ္ၿပီး၀မ္းမီး ကိုေတာက္ေစသည္။ ပင္စိမ္းရိုင္းႏွင့္ ပင္စိမ္း (ပင္ပြား)လည္းရွိေလသည္။

ျမန္မာနိုင္ငံတြင္ ပင္စိမ္းျဖဴကို ဟင္းစားပင္စိမ္း ဟုေခၚသည္။ပင္စိမ္းနက္ ၊ပင္စိမ္းညိဳ၊ ပင္စိမ္းႀကီးဗလရွင္ဟု ပင္စိမ္းအမ်ိဳး မ်ိဳးေပါက္ေရာက္ၿပီး အာနိသင္ အနည္း ငယ္မၽွကြာပါသည္။

ပင္စိမ္းေမႊးအပြင့္

ေသးငယ္ၿပီး အျဖဴေရာင္ရွိသည္။ အလြန္ေမႊး သည္။ အခိုင္လိုက္ပြင့္သည္။ပြင့္ခ်ပ္ေပၚ အေမႊးေလးမ်ား ရွိသည္။တေပါင္းလႏွင့္တန္ခူးလတြင္ ပြင့္သည္။

ပင္စိမ္းေမႊးအေစ့လုံးဝိုင္းၿပီး အနည္းငယ္ေမာက္၍ တစ္ဖက္တြင္ျပားသည္။ အေရာင္မည္း၏။ အနံ့မရွိပါ ။အရသာပူ၍စပ္ပါသည္။ အထူးသျဖင့္ ျမန္မာနိုင္ငံအႏွံ့အျပား အပူပိုင္းေဒသမ်ား တြင္ေပါက္ေရာက္သည္။

အာနိသင္

ျမန္မာေဆးက်မ္းမ်ား အလိုိအရ ပင္စိိမ္းသည္ ပူစပ္ေသာအရသာရွိသည္။ အနည္းငယ္ခါးသည္ ။ေလႏွင့္သလိပ္ကိုနိုင္သည္၊ ရင္က်ပ္၊ခၽြဲက်ပ္ ၊အစာမေၾကေသာ အနာမ်ိဳးကိုနိုင္သည္။ သည္းေျခကို ပ်က္ေစတတ္သည္။

ေဆးအသုံးမွာ ဦးစြာတင္ျပထားသကဲ့သျဖစ္သည္ ။ေႁမြစေသာ အဆိပ္ရွိေသာ သတၱဝါမ်ား ကိုက္ခဲျခင္းခံရပါက ပင္စိမ္း ရြက္၊ ပ်ဥ္ေတာ္သိမ္ဆတူႀကိတ္ၿပီး ဇီးသီးလုံးခန္႔ နံက္/ ည စားေပးျခင္း၊ ဒဏ္ရာေပၚႀကိတ္ဖတ္ မ်ားအုံေပး၍ အ၀တ္စီး ေပးပါက အလြန္ျပင္းထန္ေသာ အဆိပ္ကိုျပယ္ေစပါသည္။

ပင္စိိမ္းေစ့ကို အေျခာက္လွန္းၿပီး အနည္းငယ္ေထာင္ကာ ႏြားနို႔၊ သၾကားျဖင့္ ေဖ်ာ္ေသာက္ပးပါက ဆီး၊ အသား အေရ ႏြမ္းေျခာက္ၾကဳံလွီေသာေရာဂါ ၊ေသြးအ ႀကိတ္ အခဲ ေရာဂါ၊ ဓာတ္ပုပ္၊ဆီးပုပ္၊ သလိပ္ပုပ္ေရာဂါတို႔ကို ေပ်ာက္ကင္း ေစပါသည္။

က်မ္းကို း။ျမန္မာ့ေဆးဝါးပင္မ်ား/အရွင္နာဂသိန္က်မ္းႏွင့္ျမန္မာ့ေဆးၿမီးတိုမ်ား

ရဲဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

Unicode

ပင်စိမ်းမွှေး

̏မျောက်ရသေးလား

̏ မရသေးဘူးအကို၊ဘာလုပ်ဖို့လဲ

̏ပန်းသေ၊ပန်းညှိုးသမားအတွက်ဓာတ်စာလေကွာ..၊ ဆေးဆရာကြီးကပင်စိမ်းမွှေးနဲ့မျောက်သားကိုကောင်း ကောင်း (၄)ရက် လောက်အဝသာကြော်စား၊ ချက်စားလို့အသေအချာမှာထားလို့ကွ

စိတ်ဝင်စားဖွယ် မျောက်သားနှင်ပင်စိမ်းရွက် ကြော်ချက်စားပါက အဆုတ်၊ပန်းသေ၊ ပန်နာ ချောင်ဆိုး၊မျက်စိရောဂါတို့ ပျောက်ကင်းသည်ဆိုပါသည်။

တဖန် မြန်မာ့ဆေးမြီတိုများ စာအုပ်တွင် လေငန်း၊လေဖြတ်ပျောက်သောဆေးအလင်္ကာလေးမှာ ̏ပင်စိမ်းမွှေး ငါးပဉ္စာ ရေနွေးနှင့်ဖျော်လို့ဗျာ။အငွေ့ကိုသာရှူလို့ပေး လေငန်းလေဖြတ်ပျောက်တယ်လေး ̋ ဟုဖြစ်သည်။

ပင်စိမ်းမွှေး ပဉ္စ(၅)ပါးကို ရေနွေးနှင့်ဖျောပြီး အငွေ့ကို ရှူပေးပါက လေငန်း၊လေဖြတ်နှင့် အဆစ် အမြစ်ရောင်ရောဂါကိုပါ သက်သာပျောက်ကင်း စေပါသည်။

ချောင်းဆိုးပျောက်သောဆေးလင်္ကာ

̏ပင်စိမ်းမွှေးကြိတ်လို့ရယ်၊ အရည်ရအောင်ညစ်ရမယ်၊ပြီးရင်ကွယ်သောက်လို့ပေး ချောင်းဆိုးရောဂါပျောက် သည်လေး ̋ ဟုဖြစ် သည်။ ချောင်းဆိုးအပြင်အရေပြားရောဂါ၊မစားချင်မသောက်ချင်ဖြစ်ခြင်းနှင့် အစာအိမ် ရောဂါ၊ ဗိုက်နာသောဝေ ဒနာတို့ပါပျောက်ကင်းသည်ဟုဆိုပါသည်။

ခေါင်းကိုက်ပျောက်ဆေး

̏ပင်စိမ်းမွှေးရည်ညှစ်ကာ နားထင်၊နဖူး ၊သင့်မျှက်နှာလိမ်းလို့သာ ပေးပါက ခေါင်းကိုက်ပျောက်ပေဗျ

ကလေးကျောပူ၊ခေါင်းပူူပျောက်ဆေး

ပင်စိမ်းမွှေး၊ ကွမ်းရွက်၊ ကျပ်ခိုးအနည်းငယ် ၊နနွင်းမှုန့် အနည်းငယ်တို့ကို ရောကြိတ်ပြီး ကလေးကို လိမ်းပေး က ကလေးကျောပူခေါင်းပူ သက်သာပျောက်ကင်းစေသည်။

နှမ်းစေ့၊ပင်စိမ်းမွှေးစေ့၊ထန်းလျက်တို့ကိုဆတူကြိတ်ပြီး ပျားရည်နှင့်တေစေကာ နံနက်တစ်လုံး၊ ညတစ်လုံး ကွမ်းသီးလုံးခန့်စားပါက အူ၊အသည်း၊ နှလုံး၊ ကျောက် ကပ်တို့တွင်ဖြစ်သောရောဂါ၊လေသလိပ်၊သွားနာ၊သွားဖုံး နား၊ အတွင်းလိပ်ခေါင်၊ပွေး၊ဝဲ၊နှင်းခူနှင့်ဆီးနည်းရောဂါ တို့ကိုပျောက်ကင်းစေပါသည်။

ငါးကျည်းခြောက်နှင့်ပင်စိမ်းရွက်ကြော် ဓာတ်စာ

ထိုသို့စားပါက အစာမှား၊ဆေးမှားခြင်း၊အမျိုးသမီးများ သကျည်းကိုက်ခြင်း၊သားအိမ်လျောခြင်း၊နို့ချောင်းပိတ်ခြင်း၊ကိုယ်လက်ယားယံခြင်း၊ဆီးအောင့်ခြင်း၊မီးဖွားပြီး အပုပ် ဆန် တက်ခြင်းစသောရောဂါတို့ပျောက် ကင်း စေပါသည်။

အသည်းရောင်ရောဂါ

အဖျော်ယမကာများတွင် ပင်စိမ်းမွှေးထည့်စိမ် သောက်ပေးပါက အသည်းရောင်ပျောက်ပြီး အမောပြေကာ ဆီးကောင်းပါသည်။ပင်စိမ်းပင် ရုက္ခဗေဒအမည်(Ocimum canum Sims)ဖြစ်သည်။

အရှင်နာဂသိန်ကျမ်းတွင် ပင်စိမ်းကြီး(နက်/ဖြူ) ဟုဖေါ်ပြသည်။လက်တင်ဘာသာဖြင့် Ocimum Sanctum)ဖြစ်သည်။အမြင့်ပေ ၁ပေမှ၂ပေထိမြင့်သည်။ အလွန်အနံ့ပြင်းပါသည်။

အကိုင်အဖျေားများတွင် ပွင့် တံထိုး၍ပွင့်သည်။အခက်အလက် အရိုး ညှို့မှိုင်း သည် ကိုအနက်၊အခက်ရွက်စိမ်းသည်ကို အဖြူဟု ဆို သည်။ အချို့ဒေသများတွင် ရဟံကြီးနက် နှင့် ရဟံကြီး ဖြူခေါ် သည်။ခါး၊စပ်ပြီးဝမ်းမီးကိုတောက်စေသည်။ပင်စိမ်းရိုင်းနှင့်ပင်စိမ်း (ပင်ပွား)လည်းရှိလေသည်။

မြန်မာနိုင်ငံတွင်ပင်စိမ်းဖြူကို ဟင်းစားပင်စိမ်း ဟုခေါ်သည်။ပင်စိမ်းနက်၊ပင်စိမ်းညို၊ပင်စိမ်းကြီးဗလရှင်ဟု ပင်စိမ်းအမျိုး မျိုးပေါက်ရောက်ပြီး အာနိသင် အနည်း ငယ်မျှကွာပါသည်။

ပင်စိမ်းမွှေးအပွင့်

သေးငယ်ပြီး အဖြူရောင်ရှိသည်။ အလွန်မွှေး သည်။ အခိုင်လိုက်ပွင့်သည်။ပွင့်ချပ်ပေါ် အမွှေးလေးများ ရှိသည်။တပေါင်းလနှင့်တန်ခူးလတွင် ပွင့်သည်။

ပင်စိမ်းမွှေးအစေ့လုံးဝိုင်းပြီး အနည်းငယ်မောက်၍ တစ်ဖက်တွင်ပြားသည်။ အရောင်မည်း၏။အနံ့မရှိပါ။အရသာပူ၍စပ်ပါသည်။အထူးသဖြင့် မြန်မာနိုင်ငံအနှံ့အပြား အပူပိုင်းဒေသများ တွင်ပေါက်ရောက်သည်။

အာနိသင်

မြန်မာဆေးကျမ်းများအလိုအရ ပင်စိမ်းသည်ပူစပ်သောအရသာရှိသည်။ အနည်းငယ်ခါးသည်။လေနှင့်သလိပ်ကိုနိုင်သည်၊ရင်ကျပ်၊ချွဲကျပ်၊အစာမကြေသောအနာမျိုးကိုနိုင်သည်။သည်းခြေကိုပျက်စေတတ်သည်။

ဆေးအသုံးမှာ ဦးစွာတင်ပြထားသကဲ့သဖြစ်သည်။မြွေစသော အဆိပ်ရှိသော သတ္တဝါများ ကိုက်ခဲခြင်းခံရပါက ပင်စိမ်း ရွက်၊ ပျဉ်တော်သိမ်ဆတူကြိတ်ပြီး ဇီးသီးလုံးခန့် နံက်/ည စားပေးခြင်း၊ဒဏ်ရာပေါ်ကြိတ်ဖတ်များအုံပေး၍ အဝတ်စီး ပေးပါက အလွန်ပြင်းထန်သော အဆိပ်ကိုပြယ်စေပါသည်။

ပင်စိမ်းစေ့ကိုအခြောက်လှန်းပြီး အနည်းငယ်ထောင်ကာ နွားနို့၊သကြားဖြင့် ဖျော်သောက်ပးပါက ဆီး၊အသား အရေ နွမ်းခြောက်ကြုံလှီသောရောဂါ၊သွေးအ ကြိတ် အခဲ ရောဂါ၊ဓာတ်ပုပ်၊ဆီးပုပ်၊သလိပ်ပုပ်ရောဂါတို့ကို ပျောက်ကင်း စေပါသည်။

ကျမ်းကိုး။မြန်မာ့ဆေးဝါးပင်များ/အရှင်နာဂသိန်ကျမ်းနှင့်မြန်မာ့ဆေးမြီးတိုများ

ရဲမျိုးသူ(ဗောဓိမြိုင်)